Thursday, December 25, 2008

ချက်တင်မှတစ်ဆင့် လူကုန်ကူးမှု ဖြစ်ပွားနိုင်



နည်းပညာခေတ်၏ ဆယ်ကျော်သက်အမျိုးသမီးငယ်များအကြား ရေပန်းစားနေသော အင်တာနက် ချက်တင်မှ တဆင့် လူကုန်ကူးမှုများ ဖြစ်ပေါ်နိုင်သောကြောင့် မြန်မာအမျိုးသမီးငယ်များ ပြည်ပမှဝင်လာသော အီးမေလ်းများ( ဥပမာ ဂျီတော့ခ် ဖိတ်ခေါ်မှုများ) သတိထားပြောဆိုသင့်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့မှ ဂျာနယ်တစ်ခုအား ပြောကြားခဲ့ကြောင်းကို မှတ်သားမိပါတယ်။ လူကုန်ကူးမှုသည် ကမ္ဘာ့အနှံ့အပြားတွင် ကြောက်မက်ဖွယ်ရာအသွင်ဖြင့် ဖြစ်ပေါ်နေပြီး လူကုန်ကူးမှုပုံစံများမှာလည်း ခေတ်နှင့်အညီ ပြောင်းလဲပေါ်ပေါက်လာနေကြောင်း လေ့လာသိရှိရပါတယ်။ အမျိုးသမီးများအားလုံး သတိထားရှောင်ရှားနိုင်ရန် ပညာပေးစာစုများအဖြစ် မှတ်သားလိုက်ပါတယ်။

3 comments:

RePublic said...

အာတာနက်ချက် ကနေ လူကုန်ကူးမှုဖြစ်နိုင်တာလား ၊၊
အာ .. ကြောက်စရာကြီးဗျာ ၊၊

ဆန်းဝင်း said...

အဟမ်း…
ပြီးခဲ့တဲ့ သတင်းပတ်က ရန်ကုန် တိုင်း (မ်) ဂျာနယ်မှာ ၀င်းထွန်းဝင်း ရေးတဲ့ ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖြတ်ရေး အတွေ့ အကြုံ ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရတယ်ဗျ။
သဘောကျတဲ့ စာကြောင်းလေး ပြောဦးမယ်ဗျာ… ဘာကြောင့် လူကုန်ကူးခံရသလဲ။
“ ပညာမတတ်လို့ လူကုန်ကူးခံရတယ် ၊ လောဘ ကိုမထိမ်းနိုင်လို့ လူကုန်ပူခံရတယ်”
တဲ့ ။ နောက်ပီး ပြောသေးတယ်.. ပညာတတ်သင့်သလောက်တတ်ပါလျှက် အဲဒီပညာနဲ့ လိုက်ရောညီထွေ တဲ့ အလုပ် အကိုင် မရှိတာက ပိုပြီး အဓီက ကျပါသတဲ့”
အင်တာနက် ကတစ်ဆင့်လည်း ဖြစ်လာနိုင်ပါတယ် ။

poemflower said...

ခေတ်ကြီးကကြောက်ဆရာကြီး အင်တာနက်ကလည်း သုံးတတ်ရင် အကောင်းမသုံးတတ်ရင် အန္တရယ်ပဲ မှတ်သားစရာပဲအမ