Tuesday, December 23, 2008

စင်္ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း



လက်ရှိစကာင်္ပူနိုင်ငံ၏ ၀န်ကြီးချုပ်ဖြစ်သူ မစ္စတာလီသည် သမိုင်းဝင် ခေါင်းဆောင်ကြီး လီကွမ်ယု၏ သားဖြစ်သည်။ ဗိုလ်ချုပ်တစ်ဦးလည်းဖြစ်ပြီး အစဉ်အလာကြီးမားသည့် ဂိုချုပ်တောင်ထံမှ ၀န်ကြီးချုပ် တာဝန်ကို ဆက်ခံခဲ့ခြင်းလည်း ဖြစ်သည်။ စကာင်္ပူနိုင်ငံသည် အာရှတိုက်၏ စီးပွားရေးတိုးတက်ဆုံးသော ကျားလေးကောင်တွင် ပါဝင်သည်။ စကာင်္ပူနိုင်ငံသည် အာရှတိုက်၏ စီးပွားရေးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန် လီရှန်လွန်းကြိုးပမ်းနေရသည်။ ယင်းသို့ကြိုးပမ်းမှုခြင်း ကြောင့် အာဆီယံနိုင်ငံများနှင့်လည်း ပိုမိုချစ်ကြည်ရင်းနှီး ဆောင်ရွက်ခြင်း၊ ဒေသတွင်းနိုင်ငံများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်လျက်ရှိသည်။ယခုအခါ လီရှန်လွန်သည် စကာင်္ပူနိုင်ငံ ပိုမို ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရုံမျှမက ကာကွယ်ရေးကိုပါ ကြိုးစားနေကြောင်း မှတ်သားမိပါတယ်။

No comments: