Monday, February 16, 2009

ရိုးဂုဏ်

ရိုးသားတယ်ဆိုတာ
ချမ်းသာတာ
အဆင့်အတန်းရှိတာတွေနဲ့
မဆိုင်ပါဘူး။
ကောက်သော် စားမလောက်
ရိုးရိုးကျင့် မြင့်မြင့်ကြံ
ရိုးသားမှုသည် လောကတွင်အရေးကြီးကြောင်း ကို ညွှန်းနေသော စာသားများအား ထပ်မံ မှတ်သားလိုက်ပါသည်။

Monday, February 9, 2009

ပြည်ထောင်စုသွေးချင်းများသို့

ပြည်ထောင်စု သွေးချင်းညီ
ကယား ကရင် ကချင် ချင်း
သွေးရင်း မွန်သဟာနှင့် ရှမ်းဗမာ ရခိုင်သွေးကို
မွေးဖွားခဲ့သည်၊
တစ်သွေးတစ်သားပေမို့
လေးစားလို့ ချစ်ကြည်
ညီညာသည်အင်အား
ပြည်ထောင်မြေ စည်သာရေးကို
အလေးအနက်ထား။

ကိုကျော်၏ ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသည့် ကဗျာမှ ကောက်နုတ်ချက်ကို မှတ်စုအဖြစ် မှတ်တမ်းတင်လိုက်ပါသည်။

Sunday, February 8, 2009

ကြည်ညိုမဆုံး နှလုံးအေးမြ မြတ်ဗုဒ္ဓ




လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့်၊
သပ္ပာယ်လှစွာ၊ ကိုယ်အင်္ဂါဝယ်၊
ပါရမီတော်အဟုန်၊ ကိုယ်လုံးခြုံ၍၊
မွှမ်းထုံသင်းကြူ၊ သယမ္ဘူဟု၊
ဉာဏ်ထူကင်းလတ်၊ အရဟတ်ဖြင့်၊
သတ်ဖြတ်ခပင်း၊ ကိလေရှင်းသား၊
ဉာဏ်ရင်းမဟာ၊ ကရုဏာနှင့်၊
သမ္မာသမ္ဗောဓိ၊ အစရှိလတ်၊
ဉာဏ်တော်မြတ်၏။
ကိန်းဝပ်စံပျော်၊ ခန္ဓာပေါ်ဝယ်၊
ဘွဲ့တော်ဗုဒ္ဓ၊ တင်ရပါသည်၊
လောကထွတ်ထား၊ မြတ်စွာဘုရား"

ယခုလို မြတ်စွာဘုရားအား ကဗျာလေးနဲ့ ကြည်ညိုခွင့်ရအောင် စလယ်ဆုံး ပံ့ပိုးပေးတဲ့ မောင်လေးအောင်ကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

Thursday, January 29, 2009

ပြုံးစရာတစ်ခု( မိန်းမဖြစ်ရခြင်း၏ အားသာချက်များ)

၁။ တိုင်းတန်းနစ်သင်္ဘောနစ်တုန်းက အရင်ဆုံးအပြင်ထွက်ရသည်။
၂။ ကားအမြန်မောင်းမိသဖြင့် အဖမ်းခံရလျှင် အငိုကောင်းသောကြောင့် ဒဏ်ကြေးမှ လွတ်ကင်းရသည်။
၃။ တက္ကစီတွေက ရပ်ပေးသည်။
၎။ အအေး၊ညစာ၊ နှင့် ရုပ်ရှင်တွေအလကားကြည့်ရသည်။
၅။ နားဖေါက်မိသဖြင့် ဘယ်တော့မှ ၀မ်းမနည်း။
၆။ လူတစ်ယောက်၏ ရှူးဖိနပ်ကို ကြည့်ရုံဖြင့် သူဘယ်လို လူဆိုတာကို သိသည်။
၇။ နှုတ်ခမ်းနီရာကြည့်ရုံဖြင့် ဘယ်သူ့ဖန်ခွက်ဆိုသည်ကို သိသည်။

ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ။
ပုခက်လွှဲသော လက်များ မေတ္တာဖြင့် အုပ်စိုးနိုင်ပါစေ။

Monday, January 26, 2009

မြေဆီလွှာ ထိန်းသိမ်းနည်းလမ်း ၁၀ ဖြာ

၁။ လှေကားထစ် စိုက်ပျိုးခြင်း
၂။ ထွန်ယက်စိုက်ပျိုးခြင်း မပြုဘဲ စိုက်ပျိုးခြင်း
၃။ ကွန်တိုမျဉ်းများ အတိုင်းထယ်ထိုး- ထွန်ယက်စိုက်ပျိုးခြင်း
၎။ အပင်များကို အလည့်ကျစနစ်ဖြင့် စိုက်ပျိုးခြင်း
၅။ မြေဆီလွှာ ရေဓာတ်ထိန်းသိမ်းခြင်း
၆။ မြေဆီလွှာကို ထိန်းသိမ်းခြင်း
၇။ ဆားငန်သတ္တိကို ထိန်းချုပ်ပေးခြင်း
၈။ မြေဆီလွှာအတွင်းရှိ သက်ရှိများအား ထိန်းသိမ်းပေးခြင်း
၉။ ပြည်တွင်း မျိုးရင်း အပင်များးကို စိုက်ပျိုးပေးခြင်း
၁၀။ သစ်ပင်စိုက်ပျိုးပေးခြင်း

ိမိတ်ဆွေများအားလုံး မင်္ဂလာပါ

မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။
ကျမ ဘလော့ခ် လောက ကနေ သုံးပတ်လောက် အနားယူလိုက်တာ ခြေထောက် ကျောက်ပတ်တီးစည်းနေရလို့ပါရှင်။
အခု တော့ပတ်တီးတော့ ဖြည်ပြီးပေးမဲ့ ခြေထောက် အရိုးပြန်ဆက်ဖို့အတွက် အချိန်လေးယူရမှာပါ။ ဘလော့ခ်စာအားရေးတစ်ချက် မရေးတစ်ချက် ရေးနေမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ရှင်။
မိတ်ဆွေများအားလုံး ကျန်းမာရွှင်လန်းကြပါစေရှင်။

Thursday, January 1, 2009

တိုက်ပွဲတစ်ခု



သူလိုချင်တာ တဏှာ
ကိုယ်ပေးချင်တာက မေတ္တာ
တဏှာနှင့် မေတ္တာကြား ဗျာများရသည်နှင့်
သည်နှစ်ခုကြားမေတ္တာသည်သာလျင်
နောက်ဆုံးမှာ
ဘိုင့်ဘိုင့်ပါ လို့သာဆိုလျက်ပါ ချစ်သူရာ။