Friday, December 5, 2008

အတန်းစာမှ အသိဥာဏ်အားဖွင့်ပေးခဲ့သော ဆက်ဆံရေးအကြောင်းအရာများ

နိုင်ငံအချင်းချင်း ဆက်ဆံခြင်းပြုရာတွင် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးမှာ အထူးအရေးကြီးလှပေသည်။ အဘယ်ကြောင့် ဆိုသော် မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းတည်ငြိမ်ရေး စသည်တို့သည် အိမ်နီးချင်းနိုင်ငံများ၏ ဆက်ဆံရေးပုံသဏ္ဍာန်နှင့် သဘောထားများပေါ်တွင်လည်း တစ်နည်းအားဖြင့် တည်မှီနေသည်။ သို့ဖြင့် မိမိနိုင်ငံ၏ သမိုင်းအား လေ့လာသင်ကြားလျက် မိမိနိုင်ငံအတွက် ဖန်တီး တည်ဆောက်ရန် ကြိုးစားရာတွင် မိမိနိုင်ငံနှင့် ထိစပ်နေသော အိမ်နီးချင်း နိုင်ငံများအကြောင်း မိမိနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများအကြောင်း၊ မိမိနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံ တို့၏ သမိုင်းစဉ်တစ်လျှောက် ဆက်ဆံရေး သမိုင်းကြောင်းများကိုပါ လေ့လာရမည်ကို ပိုမိုသိရှိရပါတယ်ရှင်။

No comments: