Friday, November 28, 2008

ကမ္ဘာ့အသက်ငယ်ဆုံးဘူတန်ဘုရင် နန်းတက်

တောင်အာရှနိုင်ငံများတွင်ပါဝင်သည့် ဟိမ၀န္တာတောင်ခြေရှိ ဘူတန်နိုင်ငံ၌ ကမ္ဘာ့အသက်ငယ်ဆုံး ဘုရင်ဖြစ်သူ အသက် ၂၈နှစ်အရွယ်ရှိ မင်းသားလေး ဂျစ်အိချီဘာနပ်ဘဲလ်ဝမ်ချောက်အား သရဖူဆောင်းပွဲကိုကျင်းပခဲ့သည်။ ယင်းကဲ့သို့ ရိုးရာ အစဉ်အလာအရ ကျင်းပပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံသမ္မတကြီး မစ္စက်ပရာတီ ဗာပတေးလ် နှင့် နိုင်ငံပေါင်း၃၂နိုင်ငံ မှ သံအမတ်ကြီးများ တက်ရောက်ပြီး အိန္ဒိယကွန်ကရက်ပါတီမှ မိတ်ဆွေ ရင်းချာ ဆိုနီယာဂန္ဒီလည်း တက်ရောက်သည်။ ဘုရင်သစ်ဖြစ်လာသူ ကျစ်မိချီဆာနယ်ဂဲလ်ဝမ်ပျောက်သည် အင်္ဂလန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ် တွင် ပညာသင် ကြားခဲ့သူဖြစ်ပြီး ရိုးရာအခမ်းအနားသရဖူဆောင်းပွဲသို့ ထောင်ပေါင်းများစွာသော ပြည်သူတို့အား ပေးချီးမြှင့်ကြကြောင်း သိရပါတယ်ရှင်။

1 comment:

မသက်ဇင် said...

"ကမ္ဘာ့အသက်ငယ်ဆုံးဘူတန်ဘုရင် နန်းတက်"
ပိုစ့်လေးကိုလာဖတ်တယ်---
မျှဝေပေးတဲ့အတွက် ကျေးဇူးပါ--