Sunday, November 16, 2008

ကောင်းသောဘ၀ကူးသို့ ရလို့ပါက ဆိုသောစာအားဖတ်ရသောအခါ

မကောင်းသောအဖြစ် မကောင်းသော ဘ၀မျိုးမှ လွတ်ကင်းပြီး ကောင်းသောအဖြစ်ကောင်းသော ဘ၀မျိုးသို့ ကူးလိုပါက-

မိမိစိတ်ကို ယခုမှစလို့ပြင်လိုက်ပါ။
မိမိလက်ရှိလုပ်ငန်းခွင်တွင်
(က) ရေသာခိုနေမိပါက ချက်ခြင်း ပြင်လိုက်ပါ။
(ခ) လောဘဖြစ်ပြီး ကလိမ်ကကျစ် လုပ်ထားမိပါက ချက်ခြင်းရပ်စဲလိုက်ပါ။
(ဂ) သူတစ်ပါးအပေါ်ဗိုလ်ကျခြင်းစိတ်၊ လှည်းစာလိုသောစိတ်ဖြစ်နေပါက ကြိုးစားပြီး ဖျောက်ဖျက်လိုက်ပါ။
(ဃ) အကုသိုလ် ဒုစရိုက်အလုပ်ဖြင့် အသက်မွေးနေပါက ပြင်ရန် ကြိုးစားပါ။
မိမိ၏ စိတ်ဆိုးစိတ်ယုတ်များကိုသာ နိုင်အောင်ကြိုးစားဆုံးမကြပါစို့ ဟု ရေးသားထားတာကို တွေ့ရလို့ ထပ်မံမှတ်စုအနေနဲ့ မှတ်သားလိုက်ပါတယ်ရှင်။

စာရေးသူ ဓမ္မမိတ်ဆွေတစ်ဦး ရေးသားထားသော လူ့ပြည်မှအပြန် သင်ဘာတွေကြံနေသနည်း စာအုပ်မှ ထုတ်နုတ်ထားပါသည်။

No comments: