Thursday, November 6, 2008

မယ်လမင်း အကြောင်း သိကောင်းစရာ

တရုတ်နို့မုန့်ပြသနာသည် ကျန်းမာရေး အသိရှိသူ( သတင်းကြည့်သူ၊ စာဖတ်သူ) များ ကို အာရုံနောက်စေသည်။ မနက်စောစော အိပ်ရာထချိန်မှ ညအိပ်ရာဝင်ချိန်ထိ တစ်ခုခုစားမည်ကြံတိုင်း နို့ပါသလာ၊ မယ်လမင်း ပါသလားဟု တွက်နေရသည်ကလည်း အမောပါ။ နို့မှုန့်မှာ မယ်လမင်းပါလို့ အဆိပ်ဖြစ်သည်ကို သိရှိရပါတယ်။ မယ်လမင်းဆိုတာဘာလဲလို့ လေ့လာ ကြည့်လိုက်တော့ မယ်လမင်းမှာ စက်မှုလုပ်ငန်းသုံးဓာတုဆိုးပစ္စည်းတွေပါနေပါတယ်။ ပန်းကန် ခွက်ယောက်များ၊ အိမ်အသုံးဆောင်များ ပြုလုပ်ရာမှာလည်းသုံးကြောင်း သိရပြန်ပါတယ်။ စက်မှုလုပ်ငန်းသုံးဖြစ်တော့ စားလို့ မရပါဘူး။

ဒါဆို မယ်လမင်းစားတော့ ဘာဖြစ်မလဲဆိုတော့
မယ်လမင်းက အစာလမ်းကြောင်းထဲဝင်သွားရင် ကျောက်ကပ်မှာ ကျောက်တည်မယ်၊ ပြွန်တွေပိတ်ကုန်မယ်၊ လူနာဟာ အရမ်းနာကျင်စွာ ခံစားရပြီး ဆီးမသွားနိုင်တော့ဘဲ ကျောက်ကပ်ရောင်လာလိမ့်မယ်လို့ သိရပါတယ်။
ကျောက်ကပ်ထဲက ကျောက်ကို ထုတ်လို့ရပေမဲ့ ကျောက်ကပ်ကတော့ နာသွားပြီ ဖြစ်တဲ့ အတွက် သေတဲ့ အထိဖြစ်နိုင်ပါတယ်။ အင်မတန်ကြောက်ဖို့ကောင်းတဲ့ မယ်လမင်းပါလားလို့ စဉ်းစားရင်း စားသောက်တဲ့အခါ သတိထားပြီင်္းတော့ မယ်လမင်း အစားအသောက်ရော၊ မယ်လမင်း ခွက်ယောက်ပန်းကန်းများကိုပါ လျှော့တော့မည်ဟု ဆုံးဖြတ်မိပါတော့တယ်။

'' မိဘပြည်သူများ ကျန်းမာရွှင်လန်းကြပါစေ''

ခင်ပုလဲဖြူ

3 comments:

Dr Phyo Wai Kyaw said...

မှန်တယ် အစ်မရေ

တရုတ်ပြည်က ဆန်လု (Sanlu)အပါအ၀င် အခြားကုမ္ပဏီ အများအပြားဟာ နို့မှုန့်တွေကို ပရိုတင်းဓာတ်(protein) အများအပြားပါဖို့ အတွက် မယ်လမင်း(melamine)တွေ ထည့်ခဲ့ကြပါတယ်။ ဒီမယ်လမင်းဓာတ်ဟာ ကျောက်ကပ် ရောင်(acute glomerulo-nephritis) တာကနေ ကျောက်ကပ် ပျက်စီးခြင်း(acute renal failure)အထိဖြစ်စေနိုင်တယ်။ တရုတ်ပြည်က ကလေးငယ် ထောင်ပေါင်းများစွာ ဆေးရုံတက်ပြီး ရာဂဏန်းမျှကတော့ အသက်ဆုံးရှုံးကြရတယ်။ မြန်မာ အပါအ၀င် တခြားနိုင်ငံတွေကို နို့မှုန့်တင်ပို့ရောင်းချမှုရှိတဲ့ အတွက် စုံစမ်းမှုတွေပြုကြပါတယ်။ သိရသလောက်တော့ တရုတ် မှောင်ခိုပစ္စည်းတွေများတဲ့ နယ်စပ်ဖက်မှာ ဆန်လု ကထုတ်တယ်လို့ ယူဆရတဲ့ နို့မှုန့် နည်းနည်းပါးပါး ကိုတွေ့ခဲ့ရဖူးတယ် ဆိုပါတယ်။(ဘီဘီစီ မှာကုန်သည်တစ်ဦးက ပြောပြတယ်လို့ လွှင့်ပါတယ်။)

နို့စို့ကလေးတွေ ဖြစ်တာတကြောင်း၊ ပမာဏများပြားလို့ တကြောင်းဒီလိုဖြစ်ဟန်တူပါတယ်။
တရုတ်ပြည်မှာ နိုင်ငံတစ်ဝှမ်း
စုံစမ်း စစ်ဆေးမှု တွေ ပြုလုပ်ခဲ့ပြီး ကုမ္ပဏီ ရာဂဏန်းမျှ ပါဝင်ပတ်သက်နေတဲ့ ဒီဖြစ်ရပ်ဟာ မှန်တယ်လို့ တွေ့ရှိထားပါတယ်။

လိုအပ်တဲ့ အရေးယူမှုတွေ လုပ်လိမ့်မယ်လို့ ယူဆရပါတယ်။
ဘာပဲဖြစ်ဖြစ်အန္တရာယ်များတဲ့ပစ္စည်းပါ။ သတိထားကြဖို့ သင့်ပါတယ်။

ခင်မင်လျက်

Anonymous said...

ငယ်ငယ် မေမေတို့ တွေ
နိုးမှုန့် မတိုက် မကျွေးခဲ့တာ
တော်တော်လေး ကျေးဇူးတင်ရမှလို ဖြစ်နေပီနော်

ပို့စ်အတွက်ကျေးဇူးနော်

စာတွေ ဒီထက်မကရေးသားနိုင်ပါစေ

Dr. Nyan said...

နို့မှုန့်ထဲမှာမယ်လမင်းတွေပါတဲ့ကိစ္စကိုတရားဝင်
သတင်းထုတ်ပြန်ဖို့တရုတ်တာဝန်ရှိသူတွေကဆိုင်း
ငံ့စေခဲ့ပါတယ်။ အိုလံပစ်ပြီးမှသတင်းထုတ်ခွင့်ပြုခဲ့
လို့မသိဘဲသုံးနေခဲ့ကြတဲ့အဲဒီတစ်လကျော်အတွင်း
မှာအပြစ်မဲ့ကလေးတွေ
အသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်ခင်ဗျား။