

နေ့စဉ် လူနေမှုဘ၀တွင် အသစ်အသစ်သော မော်ဒယ်လ်အမြင့် အသစ် များကို သာ လိုချင်တောင့်တနေကြတာ လူ့သဘာဝပါ။ လိုချင်တာ မပြီးသမျှတော့ ပူလောင်နေရတာကို ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ရှုင်းလင်းတဲ့ အတွေးအမြင်စာစုကို ဖတ်လိုက်ချိန်မှာတော့----
မနက်ဖြန်စိတ်က
ဒီနေ့စိတ်ထက်
အရည်အသွေး
ပိုကောင်းသွားရင်
် ကိုယ့်စိတ်မော်ဒယ်လ်
ပိုမြင့်သွားတာပေါ့။
နေ့တိုင်းနေ့တိုင်း
ကိုယ့်စိတ်ကို
မော်ဒယ်လ်သစ်သည်ထက် သစ်။
မြင့်သထက်မြင့်အောင်
ကြိုးစားသွားရမှာပါပဲ။
အရေးကြီးဆုံးကတော့ ဒီ နေ့ပါ။
လောလောဆယ် ကိုယ်နေရတာ ဒီနေ့ဖြစ်လို့
ဒီနေ့ကိုယ့်ရဲ့စိတ် မော်ဒယ်လ်သစ်နေဖို့၊
မော်ဒယ်လ်မြင့်နေဖို့ အဓိကပါပဲလို့
ဒီနေ့စိတ်ထက်
အရည်အသွေး
ပိုကောင်းသွားရင်
် ကိုယ့်စိတ်မော်ဒယ်လ်
ပိုမြင့်သွားတာပေါ့။
နေ့တိုင်းနေ့တိုင်း
ကိုယ့်စိတ်ကို
မော်ဒယ်လ်သစ်သည်ထက် သစ်။
မြင့်သထက်မြင့်အောင်
ကြိုးစားသွားရမှာပါပဲ။
အရေးကြီးဆုံးကတော့ ဒီ နေ့ပါ။
လောလောဆယ် ကိုယ်နေရတာ ဒီနေ့ဖြစ်လို့
ဒီနေ့ကိုယ့်ရဲ့စိတ် မော်ဒယ်လ်သစ်နေဖို့၊
မော်ဒယ်လ်မြင့်နေဖို့ အဓိကပါပဲလို့
အတောမသတ်နိုင်တဲ့ လောဘလေး ဘရိတ်အုပ်မိအောင်ညွှန်းထားတဲ့ အတွက် အမြင်မှန်ကို ရရှိ ခံစားမိပါတယ်ရှင်။
4 comments:
ကိုယ်ရဲ့အသုံးအဆောင် ပစ္စည်းတွေတင် မော်ဒယ်လ်မမြှင့်ဘဲ ကိုယ့်ရဲ့စိတ်ကိုပါ တစ်နေ့ထက်တစ်နေ့ မော်ဒယ်လ်မြင့်အောင် ကြိုးစားရမှာပေါ့နော်...
မှတ်သားသွားပါတယ် မပုလဲရေ...
စာစုလေးအတွက် ကျေးဇူးပါနော်... :)
အကိုလည်း နေ့တိုင်း စိတ်မော်ဒယ်အသစ် ဖြစ်အောင် ကြိုးစားနေတယ်။ မျှဝေပေးတာ ကျေးဇူး။
အမပြောတာမှန်လိုက်တာဗျာ။ စိတ်ဓာတ်တွေ မော်ဒယ်လ် မမြင့်တော့ လူတွေအောက်တန်းကျတာတွေ
ကိုပဲလုပ်လုပ်လာကြတယ်။ ရုပ်ဝတ္ထုတွေနောက်လိုက်ရင်းနဲ့
ဘ၀တွေဆုံးရှုံးကုန်ကြတယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်
တာဆိုပေမယ့် ကောင်းတာတွေကြိုက်တတ်ရင် ကောင်း
တာတွေပဲလုပ်ဖို့ မမေ့သင့်ဘူးလို့ဆက်ပြီးတွေးမိပါတယ်။ ခုလိုမျှဝေတာကို ကျေးဇူးပါပဲအမ။
ထူးဆန်းတဲ့ကဗျာလေးပါပဲ---
စိတ်မော်ဒယ်အသစ် တဲ့
မြန်မာစာတွေကလည်း တနေ့ထက်တနေ့
ပိုပြီးကြွယ်ဝလာတယ်နော်----
ဆက်ရေးပါ အားပေးနေပါတယ်---
တကယ်တော့ အဆင့်အတန်းဆိုတာ ချမ်းသာ
ခြင်း--ပညာတတ်ခြင်းထက်--
စိတ်ဓါတ်အဆင့်အတန်းမြင့်မားဖို့က အရေးအကြီးဆုံးပါပဲလေ-----
Post a Comment