Wednesday, October 8, 2008
ကျမ၏ ကြုံသလိုစားခြင်း အကြောင်း တစေ့တစောင်း
လာပို့ပေးထားတာ နည်းနည်းလေးလဲ ကြာသွားပါတယ်၇ှင်။ သို့ပေမဲ့ ချက်ခြင်းမဖြေပေးခဲ့လို့ မနေ့က ဂုဂု လေး ငိုပြီး အော်သွားမှ ဘဲ ရေးဖြစ်ပါတယ်။ ဒီလိုတော့ မနေသာဘဲ ကျမ ရေးရပါတော့မယ်ရှင်။ ဘ၀မှာ အရာအားလုံးကို စီမံကိန်းချ အမြဲဆောင်ရွက်ဖို့ရာ အခွင့်မသာတော့ ကြုံသလို ရင်ဆိုင်ဖြေရှင်းခဲ့ရတာ ဒုနဲ့ဒေးပါ။ အဲဒီထဲမှာမှ ကြုံသလိုစားတာကတော့ တက္ကသိုလ်စတက်ကတည်းမှ ဖြစ်မည်ထင်ပါသည်။ ထမင်းဘူးပါတဲ့နေ့ကတော့များပါတယ်။ တခါတလေ အမေ နေမကောင်းရင်တော့ ကျောင်းမှာဘဲ ဖြစ်သလိုစားပါတယ်။ ထမင်းပေါင်း တော့ အစားများပါတယ်။ အဟာရဓာတ်တွေအစုံပါနေလို့ ရွေးစားဖြစ်ပါတယ်။ ပြီးတော့ ကြုံတဲ့ အခါတိုင်း ပူုပူနွေးနွေးတွေကိုတော့ ပိုမို စားဖြစ်ပါတယ်။ ဖြစ်ရာစားလို့ ရောဂါရရင် ငွေကုန်ကြေးကျများမှာ စိုးတာလည်း အပါအ၀င်ဖြစ်လို့ပါ။ ၀တ်တာက တော့ ကြုံသလို မ၀တ်ပါဘူး။ မြတ်စွာဘုရားက ၀တ်တတ်စားတတ်ဖို့ကလည်း အဓိကလို့ ဆိုထားတဲ့အတွက် စမက်လေးကျအောင် ၀တ်ဖို့ ကြိုးစားပါတယ်။ အစားအသောက်တွေအများအားဖြင့်တော့ ကော်ဖီနဲ့ မုန့်ကို ဖြစ်သလိုစားသွားတာများတယ်။ ကော်ဖီကတော့ ကျမ အကြိုက်ပါ။ အမေ့ကိုတော့ ထွေထွေထူးထူးဘာမှ မလုပ်ခိုင်းတတ်ပါဘူး။ အများအားဖြင့် ကြက်ဥကြော်လေးကိုဘဲ စွဲစွဲမြဲမြဲစားပါတယ်။ ဒါကတော့ ကျမရဲ့ အစားအသောက်နဲ့ ပတ်သက်လို့ ကြုံသလို စားတတ်ခြင်း အကြောင်းလေးဘဲဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
3 comments:
အယ်.. တီတီဂယဲ ကျက်ဥကျော်ဖဲနေ့တိုင်း မချားနဲ့ရေ... တခါတခါ ကျက်ဥပြုတ်ယဲချား
ဟဲဟဲ...ဟဲဟဲ.. ကျက်ဥနပိချက်ချားချင်ရင်တော့ မက်မက်ချီဂိုနေ့တိုင်းရာချားနော်..
ဟီးဟီး.. :P :P
ရေးပေးလို့ ကျေးဇူးတင်ပါတယ်နော်။ မမက ကျမနဲ့ တူတယ်သိလား။ ကျမက ကြက်ဥဆို ကြော်၊ပြုတ်၊ သုပ်၊ပေါင်း၊ ချက်၊ အကုန်စားတယ်သိလား။
မမရေ၊ ကော်ဖီအရမ်းမသောက်နဲ့နော်။ မျက်လုံးကြောင်ပြီး အိပ်မပျော်မှာစိုးလို့ပါနော်။(ဆရာလုပ်တာ ဟုတ်ဘူးနော်။) :P :P
ဟုတ်ကဲ့ပါ ၊၊ ကြုံသလို စားတာ လာချောင်းသွားပါတယ်ဗျာ ၊၊ ဟီး
ခင်မင်စွာဖြင့်
Post a Comment