Thursday, September 18, 2008

ကျမ Miss Universe 200.........


အသက် 22 နှစ်သာရှိသေးတဲ့ ညီမငယ်လေး ဗင်နီဇွဲလားမယ် ဒိုင်ယာနာ မန်ဒိုဇာ ပါ
2008 Miss Universe

ငယ်ငယ်ကတည်းက အိပ်မက် ပါ ။ (မဖြစ်နိုင်မှန်းသိရက်နဲ့)။ အမျိုးသမီး တစ်ယောက်အနေနဲ့ ကိုယ်နိုင်တဲ့ အခန်းကဏ္ဍများမှာ ပါဝင်ချင်တာလည်း ပါတယ်။ အကယ်လို့ ကျမသာ Miss Universe ဆုများရခဲ့မယ်ဆိုရင် ကုလသမဂ္ဂက စေလွှတ်တဲ့ သံတမန်ဖြစ်ခွင့်ရမယ်ဆိုတော့ အမိမြေအတွက်လည်း ဂုဏ်ယူဖွယ်ရာပေါ့။
ကလေးဆေးရုံရောက်ခဲ့စဉ်ကပေါ့

ကမ္ဘာအနှံ့ သွားရောက်ရမှာ ဖြစ်တဲ့အတွက် ဒေသန္တရ ဗဟုသုတလည်း တိုးပွားဦးမှာပါ။ ရောက်တဲ့ နိုင်ငံတိုင်းမှာလည်း လူမှုရေး၊ ပညာပေးအစီအစဉ်တွေဆောင်၇ွက်ပေးမဲ့သူပါ။ ကြော်ငြာတွေလည်း ရိုက်ရမှာဆိုတော့ ၀င်ငွေလည်းဖြောင့်ဦးမှာပါ။ ပတ်ဝန်းကျင်ရော မိမိအတွက်ပါ အကျိုးပေးနေတယ်ဆိုရင် အဲဒီအလှအပတွေဟာ အသုံးဝင်တဲ့ အလှဖြစ်ကြောင်းကို စဉ်းစားမိပါတော့တယ်။

No comments: