Monday, September 22, 2008

ခန္ဒာကိုယ်ထဲကဘောလုံးပွဲ



  • ခန္ဒာကိုယ်ထဲ၊ ဘောလုံးပွဲ၊ ဆင်နွှဲတတ်ပါစေ။
  • စိတ်ဘောလုံးမှာ၊ ကန်စရာ၊ ပတ်ချာလှည့်လို့နေ။
  • အဖြူအသင်း၊ အမည်းအသင်း၊ နှစ်သင်းယှဉ်ပြိုင်နေ။
  • အဖြူအသင်း၊ ပေါ့ဆခြင်းကြောင့်၊ ညံ့ဖြင်းသွားကာ အမည်းသာ၊ များစွာဂိုးသွင်းနေ။
  • ဂိုးရှုံးပြန်က၊ အပူရ(အပယ်ကျ)၊ ဒုက္ခပင်လယ်ဝေ။
  • အဖြူအသင်း၊ စိတ်အားတင်းသော်၊ အနိုင်ပေါ်၊ရွှင်ပျော်အားတက်ပေ။
  • အမည်းအသင်း၊ ဂိုးပြန်သွင်းက၊ လုံ့လကိုတွန်း၊ သတိစွမ်း၊ ဂိုးဖမ်းတတ်ပါစေ။
  • ဒါနတစ်ဖြာ၊ သိက္ခာသုံးပါး၊ စွမ်းအားကိုညှစ်၊ ကြိုးစားတက်ရင်း၊ သတိခင်း၊ ဂိုးသွင်းလိုက်ပါလေ။
  • စွမ်းရည်ဒိုင်းဆု၊ ရအောင်လု၊ ကောင်းမှုပိုင်ပါစေ။

ယောဆရာတော်၏ တရားစာအုပ်မှ ကူးယူးမှတ်သားထားပါသည်။

1 comment:

RePublic said...

ကောင်းဗျာ ၊၊ ဘောလုံးပွဲ နဲ့ယှဉ်ပြတားတာ ၊၊ ကောင်းရောဗျာ ၊၊ဟီး .. မှတ်သားသွားပြီဗျာ ၊၊