Wednesday, September 17, 2008

နာဂစ်အလွန်ကျောက်တန်းအလှူသို့တစ်ခေါက်

ဦးကျော်ရဲ့ အထုပ်ကိုလည်း လှူခဲ့ပါတယ်
ဒီလှေလေးနဲ့ကူးခဲ့ပါတယ်

သွားရောက်ခဲ့တဲ့ရွာလေး

ရွာမှာ၇ှိတဲ့ကြာကန်လေးပါ အမှတ်တရရိုက်လာတာပါ။
မြစ်လယ်ကိုကူးတော့ အမှတ်တရ ရိုက်ခဲ့တယ်။



ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ် ပန်းတောရွာသို့ ကျမတို့သူငယ်ချင်းများ 10.9.2008 ရက်နေ့က သွားရောက်လှူဒါန်းမှုလေးပြုခဲ့ပါတယ်။ အဲဒီ ရွာမှာက အိမ်ခြေ ၂၇ စု လောက်ဘဲရှိတယ်လို့သိရပါတယ်။ နာဂစ်မုန်တိုင်းဖြစ်တုံးကလည်း ခံခဲ့ရပြီး အလှူရှင်တွေ ကပ်ကျော်ခဲ့လို့ ကျမတို့အဖွဲ့ အရင်ဆုံးလာရောက်လှူတာ ဖြစ်ကြောင်းသိရပါတယ်ရှင်။ အဲဒီရွာကိုရောက်တော့ ရွာခေါင်းဆောင်က မိသားစုများကို စုစည်းစာရင်းပေးပြီး ကျမတို့ လှူဒါန်းမဲ့ပစ္စည်းများကို ခွဲတမ်းကျ လှူဖြစ်ခဲ့ပါတယ်။ ဘုရားပုံတော်၊ အ၀တ်အစား မျိုးစုံ၊ ပေါင်မုန့် ၊ ပန်းကန်၊ ကျောင်းစိမ်းဝတ်စုံ စသည်တို့ကို လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် သူငယ်ချင်းဆရာဝန်မ မသိမ့် လည်းပါလာတော့ ဆေးကုသမှု ပါ တစ်ပါတည်းလုပ်ဆောင်ခဲ့ပါတယ်။ သန့်လေးသန့် စီမံချက်က မအိ လည်းပါလာတော့ သန့်လေးသန့်အကြောင်းကိုပါ ကျေးရွာမိသားစုများကို ကျန်းမာရေးပညာပေး ဟောပြောပြီး လက်ဆင့်ကမ်းဝေငှခဲ့ပါတယ်။ ကျမတို့အဖွဲ့ဟာ ကျောက်တန်းကနေ ညနေ ၄နာရီမှာ ထွက်ခွာခဲ့ပါတယ်။ အလှူအတွက် ပီတီတွေဖြစ်မှုကို ဘလော့ခ်မိတ်ဆွေများ၊ ဆွေတော်မျိုးတော်များ သာဓု ခေါ်စေရန်အတွက် ဓာတ်ပုံများနဲ့ တကွ ဖော်ပြပေးလိုက်ကြောင်းပါရှင်။

4 comments:

thinzar said...

သာဓု ပါအမရေ သာဓု သာဓု

Anonymous said...
This comment has been removed by the author.
Anonymous said...

သာဓုခေါ်ပါတယ်အမ။ ခုလိုသတင်းကြားရတာ ၀မ်းသာပါတယ်။

Dream said...

တီတီပုလဲရေ...အဲဒီအလှူမှာကိုယ်တိုင်
မပါဝင်ခဲ့ရပေမယ့်လို့၊တီတီဖြူတို့လှူခဲ့တဲ့ကုသိုလ်
ကိုသာဓုဝင်ခေါ်ပါတယ်တီတီ။

အခုလိုကုသိုလ်တွေကိုဝေမျှပေးတာမြင့်မြတ်ပါတယ်။
သာဓု..သာဓု...သာာဓု..