၁။ စိတ်ကြည်လင်ခြင်း
၂။ မကောင်းမှုမှ ရှက်ခြင်း
၃။ မကောင်းမှုမှ ကြောက်ခြင်း
၎။ အကြားအမြင်များခြင်း
၅။ လုံ့လအားထုတ်ခြင်း
၆။ သတိမမေ့လျော့ခြင်း
ရ။ မျှော်မြင်ဆင်ခြင်သော အသိရှိခြင်း တို့ဖြစ်ကြောင်း လေ့လာရပါတယ်။ ပညာရှိဖြစ်အောင်အတော် ကြိုးစားရပါဦးမှာလားလို့ မှတ်သားမိပါတယ်ရှင်။
Sunday, September 7, 2008
Subscribe to:
Post Comments (Atom)
1 comment:
သူတော်ကောင်းဥစ္စာ ၇-ပါး
သဒ္ဓါ= ဘုရား၊ တရား၊ သံဃာ, ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်း၊
သီလ= သီလဖြူစင်ခြင်း၊
စာဂ= စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၊
သုတ= အကြားအမြင်များခြင်း၊
ပညာ= ရုပ်နာမ်အသိပညာနှင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ်၊
ဟိရီ= မကောင်းမှုပြုလုပ်ရန် ရှက်မုန်းခြင်း၊
သြတ္တပ္ပ= မကောင်းမှုပြုလုပ်ရန် ကြောက်လန့်ခြင်း၊
သူတော်ကောင်းတရား ၇-ပါး
သဒ္ဓါ= ဘုရား၊ တရား၊ သံဃာ, ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်း၊
သတိ= ကုသိုလ်ရေး၌ အောက်မေ့အမှတ်ရခြင်း၊
ဝီရိယ= ကုသိုလ်ရေး၌ အားထုတ်မှုလုံ့လရှိခြင်း၊
သုတ= အကြားအမြင်များခြင်း၊
ပညာ= ရုပ်နာမ်အသိပညာနှင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ်၊
ဟိရီ= မကောင်းမှုပြုလုပ်ရန် ရှက်မုန်းခြင်း၊
သြတ္တပ္ပ= မကောင်းမှုပြုလုပ်ရန် ကြောက်လန့်ခြင်း၊
******
ဒေါက်တာမင်းတင်မွန်ရဲ့ ယဉ်ကျေးလိမ္မာ ရင်သွေးကမ္ဘာ စာအုပ်ကနေ ကူးယူဖော်ပြလိုက်တာပါ။ ဆရာလုပ်ခြင်းမဟုတ်ပါ။ ဖတ်ဘူးတဲ့ အကြောင်းအရာကို ဝေမျှခြင်းပါ။
ဥစ္စာနဲ့ တရားဆိုပြီး ၂ -မျိုးခွဲခြားပြထားပေမယ့် အရေအတွက်ကလည်း တူနေပြီးတော့ ၅ ခုကလည်း တထပ်တည်းဖြစ်နေပါတယ်။ ကွဲပြားတဲ့ ၂ ခုစီကို သေခြာလေ့လာကြည့်ရင် ကွဲပြားနေတဲ့ အကြောင်းနဲ့ ခေါင်းစဉ်နဲ့ အချက်အလက်တွေရဲ့ လိုက်ဖက်မှုတို့ကို ပေါ်လွင်စေတယ်လို့ ယူဆမိပါကြောင်း။
အားလုံးအတွက်ကျေးဇူးပါ။
မခင်ပုလဲဖြူရေ။
Post a Comment