
မွှေးကြိုင်ပျံ့သင်း၊ တော်သလင်း" လကို ရောက်လာပါပြီ။
အခုဆို ရာသီက အတော်ပူစပ်ပူလောင်ပါတယ်။ ယပ်တောင်လေး တဖျပ်ဖျပ်ပေါ့။ နာဂစ်အလွန်ဆိုတော့ အပင်များ အတော်ကုန်သလောက် ဖြစ်သွားပါတယ်။ အခုဆိုရင် ရန်ကုန်မြို့ တစ်မြို့လုံးကို အပင်များ အစားထိုး စိုက်ပျိုးတာနေတာကို လမ်းသွားရင်း တွေ့နေရပါတယ်။ မိုးဥတုကုန်တော့မှာမို့ မကုန်ပါစေနဲ့လို့ ဆုတောင်းချင်လည်း ရာသီစက်ဝန်းကတော့ လည်နေမှာမို့ ဆုမတောင်းတော့ပါဘူး။ အပင်စိုက်ပျိုးတာ ၀ါသနာပါတဲ့ကျမအတွက် ဒီရာသီမှာ အရိပ်ရ အပင်လေးတွေရယ်၊ စားပင်လေးတွေကို အားလပ်တဲ့အချိန် စိုက်ပျိုးဖို့ စီမံထားပါကြောင်း ရောင်းရင်းများကို တင်ပြအပ်ပါတယ်။
No comments:
Post a Comment