၁။ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိခြင်း။
၂။ ဥပဒေကို လေးစားလိုက်နာခြင်း။
၃။ ပြည်သူတို့၏ အကျိုးစီးပွားကို အလေးထားခြင်း။
၎။ နိုင်ငံတော်၏ ဘဏ္ဍာဆုံးရှုံးမှု မရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း။
၅။ နိုင်ငံတော် လျှို့ဝှက်ချက်၊ အရေးကြီးသည့် လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်နှင့် စာရွက်စာတမ်းတို့ကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း။
၆။ အမိန့်ညွှန်ကြားချက်နှင့် " လုပ်ငန်းဆိုင်ရာ"စည်းကမ်းများကို လေးစားလိုက်နာခြင်း။
၇။ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်း။
၈။ တာဝန်နှင့် ၀တ္တရားကို ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်ခြင်း။
၉။ စွမ်းရည်တိုးတက်မြင့်မားလာစေရန် အစဉ် ဆည်းပူးအားထုတ်ခြင်း။
၁၀။ တံစိုးယူမှု၊ အဂတိလိုက်စားမှု၊ တာဝန်အလျောက် "အပ်နှင်း" ထားသည့် အခွင့်အာဏာကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးရှာမှုကို ရှောင်ကြဉ်ခြင်း။
၁၁။ အကျင့်စာရိတ္တပျက်ပြားမှု၊ သိက္ခာမဲ့စွာ နေထိုင်ပြုမူမှုတို့ကို ရှောင်ကြဉ်ခြင်း နှင့်
၁၂။ ယဉ်ကျေးသိမ်မွေ့ခြင်း
စသော အချက်များအား ဖတ်လိုက်ရသောအခါ နိုင်ငံဝန်ထမ်းကောင်း တစ်ဦးဖြစ်ရန် အတော်ကြိုးစားဆောင်ရွက်ရမှာ ဖြစ်ကြောင်း လေ့လာမှတ်သားမိပါတော့တယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment