Sunday, February 8, 2009

ကြည်ညိုမဆုံး နှလုံးအေးမြ မြတ်ဗုဒ္ဓ




လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့်၊
သပ္ပာယ်လှစွာ၊ ကိုယ်အင်္ဂါဝယ်၊
ပါရမီတော်အဟုန်၊ ကိုယ်လုံးခြုံ၍၊
မွှမ်းထုံသင်းကြူ၊ သယမ္ဘူဟု၊
ဉာဏ်ထူကင်းလတ်၊ အရဟတ်ဖြင့်၊
သတ်ဖြတ်ခပင်း၊ ကိလေရှင်းသား၊
ဉာဏ်ရင်းမဟာ၊ ကရုဏာနှင့်၊
သမ္မာသမ္ဗောဓိ၊ အစရှိလတ်၊
ဉာဏ်တော်မြတ်၏။
ကိန်းဝပ်စံပျော်၊ ခန္ဓာပေါ်ဝယ်၊
ဘွဲ့တော်ဗုဒ္ဓ၊ တင်ရပါသည်၊
လောကထွတ်ထား၊ မြတ်စွာဘုရား"

ယခုလို မြတ်စွာဘုရားအား ကဗျာလေးနဲ့ ကြည်ညိုခွင့်ရအောင် စလယ်ဆုံး ပံ့ပိုးပေးတဲ့ မောင်လေးအောင်ကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

No comments: