Wednesday, November 26, 2008

ရင်ဆိုင်နေရသော ဆင်းရဲမွဲတေမှုပြသာနာအား တရားတော်အတိုင်း ရှုမြင်ခြင်း




In Africa





မရှိတော့ မလှူ ၊မလှူတော့မရှိ။ဒါနဲ့ပဲ သံသရာမှာ လူအောက်သူ့အောက်ကချည်းနေ နေရပါတယ်။ကြားဖူးပါမှာပါ

ဝါတွင်းသုံးလပတ်လုံး မြတ်စွာဘုရား နတ်ပြည်ကိုတရားတက်ဟောတော့ ရှေ့ဆုံးကနေရာယူတဲ့ နတ်ဟာ နောက်

တန်ခိုးကြီးနတ်တွေ ဘုန်ကံကြီးတဲ့နတ်တွေလည်းလာရော ဖယ်ပေးလိုက်ရတာ နောက်ဆုတ်နောက်ဆုတ်နဲ့ တရား

နာပရိတ်သတ်နောက်ဆုံးမှာပဲနေရာရသတဲ့။လှူခဲ့တဲ့ဒါနအကျိုးကွာခဲ့လို့ပါနော်။ရေးဖူးပါသေးတယ် “ဆုတောင်းမှား

ကြသူများ” ဆိုတဲ့ပို့စ်မှာလည်း သိကြားမင်းကြီးအလှူအတန်းနည်းလို့ ကိုယ်ရောက်ကိုယ်ဝါဟာ သူ့အောက်ကနတ်

သားနှစ်ပါးထက် မှေးမှိန်နေတယ်ဆိုတာပါ။နောက်ဖြစ်မဲ့ဘ၀တင်လားဆိုတော့ မဟုတ်ပြန်ပါဘူးနော်။အခုဘ၀မှာ

လည်း ပစ္စည်းဥစ္စာနွမ်းပါးတော့ နေ့ရှိသရွေ့အလုပ်လုပ်။ရရစားစားနဲ့ကုန်။ဒါနကမရှိတော့ လှူမှုတန်းမှုကနည်းပါး။

ဒီဘ၀ကုသိုလ်ပထမဇောနည်းတော့ အကုသိုလ်အကျိုးပေးခွင့်တွေပဲထပ်ခါထပ်ခါလာ။အမြဲမှတ်ထားပါနော် ပထမ

ဇောက ပထမဘ၀မှာ အကျိုးပေးပါတယ်နော်။ဆင်းရဲခြင်းရဲ့အကျိုးတွေပေါ့နော်။ဒါကို လောကနီတိကျမ်းမှာ-

  • ပညာဗဟုသုတ မရှိသူ၏ ပါးစပ်သည်(ပြောစရာမရှိ) ဆိတ်သုဉ်း၏။
  • ကလေးသူငယ်မရှိသော အိမ်သည်(ပျော်ဖွယ်ကင်းမဲ့)ဆိတ်သုဉ်း၏။
  • မင်းမဲ့တိုင်းပြည်သည်(ပျော်ရွှင်ချမ်းသာမှုမရှိ)ဆိတ်သုဉ်း၏။
  • ဆင်းရဲမွဲတေခြင်းသည်(အဖက်ဖက်မှ)ဆိတ်သုဉ်း၏။

ဟူ၍ဆင်းရဲခြင်းအပြစ်ကိုဖော်ပြထားပေသည်။ဒီမှာရေးပြချင်တာလေးက ဘုရားရှင်လက်ထက်က ဆင်းရဲခြင်းရန်

ကိုအောင်နိုင်သွားတဲ့ သူတွေအကြောင်းပါ။အလှူဒါနကြောင့် ဆင်းရဲခြင်းကနေလွတ်သွားသူတွေပါနော်။ဒီတော့

အခုခေတ်သိပ္ပံယုံဆရာကြီးများက ပြောချင်ပါလိမ့်မယ်။လှူတိုင်းသာ ပိုရမယ်ဆိုရင်တော့ အကုန်လှူပစ်မယ်လို့။

စောတကတက်ချင်တက်ပါလိမ့်မယ်နော်။လှူပုံလှူနည်းလေးတော့ ရှိတယ်ပေါ့နော်။ကဲဇာတက၀တ္ထုလေးကဒီလို။

၁။ ကာဠ၀လိယ ဆင်းရဲရာမှ ချမ်းသာခြင်း။ ။မြတ်စွားဘုရား သက်တော်ထင်ရှား ရှိစဉ်အခါက ရာဇဂြိုဟ်ပြည်

မှာ ကာဠ၀လိယ အမည်ရှိ ဆင်းရဲသားလယ်သမား လင်မယား

ရှိပါသတဲ့။တနေ့မှာ ရဟန္တာအရှင်မြတ် ရှင်မဟာကဿပ ဆွမ်းခံကြွလာတဲ့အခါ စားဖို့ပြုတ်ထားတဲ့ ဟင်းရွက်

ကလေးရောပြီးပြုတ်ထားတဲ့ ဆန်ပြုတ်ကိုလောင်းလိုက်ပါသတဲ့။ကြည့်ပါနော်။ပိုလို့လှူတဲ့ဆန်ပြုတ်လား။နေ့တိုင်း

လောင်းနေလို့ ၀တ္တရားပဲဆိုပြီးလောင်းတဲ့ ဆန်ပြုတ်လည်းမဟုတ်ပါဘူးနော်။မိမိစားဖို့အတွက်လုပ်ထားတဲ့ဝမ်း

စာပါနော်။တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဆင်းရဲသားတွေပါနော်။နံပါတ်(၁) အလှူခံပုဂ္ဂိုလ်ဟာ မြတ်ရမယ်တဲ့။

နံပါတ်(၂) လှူဖွယ်ပစ္စည်းက သန့်စင်ရမယ်တဲ့။သမ္မာ အာဇီဝနဲ့ ရှာထားတဲ့ပစ္စည်းဖြစ်ရမယ်တဲ့။နံပါတ်(၃)က

တော့ အလှူလုပ်တဲ့သူရဲ့သဒ္ဓါတရားဟာထက်သန်နေရမယ်တဲ့။ဒီသုံးချက်ညီရင် လက်ရှိဘ၀မှာ အကျိုးကြီး

ပါသတဲ့နော်။ကဲထားပါတော့ ဆက်ရအောင်။ရှင်မဟာကဿပကိုယ်တော်မြတ်ကြီးကလည်း ဆန်ပြုတ်ကို

အလှူခံပြီး မြတ်စွာဘုရားကိုဆပ်ကပ်ပါသတဲ့။ဒီတော့ဘုရားရှင်က “၇ ရက်အတွင်းသူဌေးကြီးဖြစ်လိမ့်မယ်”

လို့ဗျာဒိတ်စကားမိန့်ကြားလိုက်ပါသတဲ့။နောက်မကြာခင်မှာပဲ ရွှေအိုးကြီးတွေတွေ့ပြီးသူဌေးကြီးဖြစ်သွား

ပါသတဲ့နော်။နောက်တစ်ယောက်ကတော့ အားလုံးလိုလိုသိတဲ့ မလ္လိကာ မိဖုရားကြီးပါနော်။

၂။ ပန်းသည်မလေးမလ္လိကာ မိဖုရားဖြစ်ခြင်း။ ။ဒီပန်းသည်မလေးကတော့ မြတ်စွာဘုရားကို ဖူမြင်ရပြီး

ကြည်ညိုသဒ္ဓါတရားပွားပြီး သူစားဖို့ထားတဲ့ ဂျုံမုန့်လုံး

ကိုလှူလိုက်ပါသတဲ့နော်။မြတ်စွာဘုရားရှင်က ဒီတော့ “မိဖုရားဖြစ်လိမ့်မယ်” လို့ ဗျာဒိတ်ပေးလိုက်ပါသတဲ့။

ထိုနေ့မှာပင်နေ့မကူးပဲ မသေနဒီကောသလမင်းကြီး၏ မိဖုရားဖြစ်ပါသတဲ့နော်။နောင်အခါ မြတ်စွာဘုရား

အားပြိုင်ဘက်ကင်းသော အသဒိသဒါနကြီးကို ပေးလှူသည့် ဒါကာမဖြစ်လာပါသတဲ့။နောက်တစ်ယောက်

ကတော့…………………….

၃။ ဧကသာဋက ပုဏ္ဏား ချမ်းသာခြင်း။ ။ ဧကသာဋက ဆိုတာခါးဝတ်တစ်ထည်ဟုအဓိပ္ပါယ်ရပါသတဲ့။

သူတို့လင်မယားမှာ ခါးဝတ်ကတစ်ထည်စီသာရှိပါတယ်တဲ့။

အပေါ်ရုံစရာကတော့ နှစ်ယောက်စလုံးမှ တစ်ထည်သာရှိပါသတဲ့နော်။ကိစ္စရှိလို့ အပြင်သွားချင်ရင်

တစ်လှည့်စီသာသွားရရှာပါသတဲ့။ကျန်တစ်ယောက်ကတော့ ခါးဝတ်ကိုသာဝတ်ပြီး အိမ်မှာနေခဲ့ရပါသတဲ့။

တစ်နေ့ လင်ယောင်္ကျားဟာ ဘုရားရှင်ဆီကိုတရားသွားနာရင်း သဒ္ဓါတရားဖြစ်လာတာကြောင့် တထည်

တည်းသော အပေါ်ရုံကို ခွာပြီးလှူချင်ပါသတဲ့နော်။ လှူလိုက်ရင်လည်း နှစ်ယောက်စလုံ ၀တ်စရာကမရှိ

ဆိုတော့ ချီတုန် ချတုန်ဖြစ်နေပါသတဲ့။နောက်ဆုံးတော့ ကုသိုလ်စိတ်ကအနိုင်ရပြီး လှူလိုက်ပါသတဲ့နော်။

ဒီလိုလှူလိုက်တဲ့ကုသိုလ်ကြောင့် မကြာမီရက်အတွင်းမှာ အ၀တ်အထည် များစွာနှင့် ဆင် ၄ကောင်၊မြင်း

၎ကောင်၊ ခိုင်းစရာ ယောင်္ကျား ၄ယောက် မိန်းမ ၄ယောက်၊ကျွန်၎ယောက်ရပြီး ရွာကြီး ၄ရွာကို အပိုင်စား

ရတဲ့ ရွာစားကြီးဖြစ်သွားပါသတဲ့။အကျယ်သိလိုက dream ဆိုက်မှာဖတ်နိုင်ပါတယ်။ဒီမှာအဓိကပြောချင်

တာလေးက လှူတဲ့အခါမှ စွန့်လှူပါ။ကိုယ်စွန့်ရတာ များလေ ဒါနကကြီးလေပါနော်။ပိုလို့လှူတာလည်း

ကောင်းပါတယ်။ဒါပေမဲ့ တစ်ခါတစ်ခါ ကိုယ်အတွက်လည်းခက်ခဲနေတယ် အလှူခံလည်းရှိနေတယ်ဆို

ရင် ဒီအကြောင်းအရာလေးတွေကို သတိရပြီး အလှူခံပုဂ္ဂိုလ်အတွက် စွန့်လှူပေးပါလို့တိုက်တွန်းပါတယ်နော်။


သူငယ်ချင်း သိင်္ခ ၏ ဘလောခ့်မှ စာကောင်းပေမွန်များအား ထပ်မံ မှတ်စုအနေဖြင့် သိမ်းထားလိုက်ပါသည်။ ဆင်းရဲနှင့် ငရဲကင်းကြပါစေ။

No comments: