Wednesday, October 29, 2008

စိတ်ဝင်စားဖွယ်ကောင်းသော မြှားပစ်ပြိုင်ပွဲ

ဖိလစ်ပိုင်သမ္မတနိုင်ငံ မနီလာမြို့၌ အောက်တိုဘာ ၂၅ရက်မှ ၃၀ရက် အထိ ကျင်းပသည့် တတိယအကြိမ် ကမ္ဘာ့ အဆင့်သတ်မှတ်ရေး အာရှပတ်လည်မြားပစ်ပြိုင်ပွဲ Compound တစ်ဦးချင်း ရှုံး/ထွက်ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ မအောင်ငြိမ်းက ရွှေတံဆိပ်တစ်ခုနှင့် တစ်ဦးချင်းမီတာ၇၀ မြား ၇၂ ချောင်း အမှတ်ပေးပြိုင်တွင် ငွေတံဆိပ်တစ်ခု ရ​ရှိသွားကြောင်းသိရပါတယ်။

အဆိုပါပြိုင်ပွဲတွင် ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဘူတန်၊ ဟောင်ကောင်၊ ထိုင်း၊ မွန်ဂိုလီးယား၊ ဆော်ဒီအာရေဗျ၊ ကာတာနှင့် ဗီယက်နမ် နိုင်ငံတို့မှ အမျိုးသား/အမျိုးသမီး အားကစားသမား ၁၁၆ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရပါတယ်ရှင်။

No comments: