Friday, October 24, 2008

ပူနှင့် လူ

စွမ်းအားမပါ၊ အသိကွာ၊ နစ်နာ ပူ ဟုမှတ်
မရှိလဲပူ၊ ရှိလဲပူ၊ အပူတိုးလို့ အနေကျပ်။
စွမ်းအားပြည့်ကာ၊ အသိပါ၊
မြတ်တာ လူ ဟုမှတ်။
မရှိလဲအေး၊ ရှိလဲအေး၊ အအေးစုံလို့ အနေမြတ်
အညွှန်ကိုထူ၊ တလူလူ အပူငြိမ်းလို့ ဒုက္ခလွတ်
စိတ်ကောင်းထားက၊
လူ့ဘ၀ မုချရကျိုးနပ်။

ယောဆရာတော်၏ တရားတော် ကဗျာစာသားအား ရေးသားသိမ်းဆည်းလိုက်ပါတယ်။

1 comment:

Dr Phyo Wai Kyaw said...

လူ( အဆိုတော်နာမည်မေ့)

အိပ်စားကာမ၊ ဤသုံးဝမှာ ၊လူနဲ့နွားဟာ၊ မခြားတူတူ
လူလူလူ..သူ တစ်ခုတည်း ထူးတာက အသိဥာဏ်တရားနဲ့ စဉ်းစားတတ်တာ လူ၊ အရှက်အကြောက်တရား၊ မျက်မှောက် ထားကာ၊ အမှားအမှန် ဝေဖန်တတ် သူ ၊အကျင့်တရားမှာ အမြဲ ၊ပုလဲလိုဖြူ ၊စိတ်ထားမွန်မြတ်၊ ၀တ္တရားကျေပွန်၊ ရည်မွန်ကိုယ်နှုတ်၊ တိရစ္ဆာန် လိုမဟုတ်မှလူ ၊အစဉ်တွေးဆယူ ၊ယဉ်ကျေးသမှလူ။

မတော်မတရား၊ မစော်ကား ၊သနားတတ်တာလူ ၊တပါးသူကို ၊ကူညီစောင့်ထိန်း စေတနာ ကိန်းဝပ်သူ၊ ကိုယ်ချင်းစာကာ၊ ကြင်နာတတ်တဲ့ အပြုအမူ၊ လူစင်စစ်ရဲ့ သိက္ခာဖြူ ၊အဲ့ဒါမှ မုချအေကန် လူအမည်ထိုက်တန်သူ...

မကောင်းဘူးလားအစ်မရေ
ငယ်ငယ်က ဆိုကရေးတီးမှာ ပြိုင်ဖူးလို့မှတ်မိနေတာ
လက်ဆောင်။