Monday, October 20, 2008

တစ်ဆစ်ချိုးတိုးတက်ပြောင်းလဲလာသော မြန်မာ-ဘင်္ဂလားဒေရှ့် ဆက်ဆံရေး

BIMSTEC ဒေသတွင်း နိုင်ငံများလည်းဖြစ်၊ အိမ်နီးချင်းနိုင်ငံလည်းဖြစ်သော မြန်မာနှင့် ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံဆက်ဆံရေးသည် ယခုအခါတိုးတက်ပြောင်းလဲလာပါသည်။ နှစ်နိုင်ငံသည် ရှေးနှစ် ပေါင်းများစွာ ကတည်းကပင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများ ကူးလူးဆက်ဆံခဲ့ပြီး ပါကစ္စ္စတန်နိုင်ငံ မှ ဘင်္ဂလားဒေရှ့်ခွဲထွက်ပြီးနောက်တွင် မြန်မာနိုင်ငံက အသိအမှတ်ပြုခဲ့ပြီး သံတမန် ဆက်ဆံရေး စတင်ခဲ့ပါသည်။ မြန်မာနှင့် ဘင်္ဂလားဒေရှ့်သည် နှစ်နိုင်ငံနယ်စပ်ပြသနာ အငြင်းပွားမှု မရှိခဲ့ပေ။ နှစ်နိုင်ငံ ဆက်ဆံရေးသည် ပုံမှန်အတိုင်းရှိခဲ့ရာမှ ၂၀၀၂ ခုနှစ်မှ စပြီး အဆင့်မြင့် ခေါင်းဆောင်ကြီးများ အပြန်အလှန် ချစ်ကြည်ရေးများ လည်ပတ်ရာမှ ပြန်လည်ဦးမော့လာခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေရှ့် -တရုတ်ချိတ်ဆက်မည့် အဝေးပြေးလမ်းမကြီး တည်ဆောက်ရေး၊ စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ ခရီးသွားလုပ်ငန်း စသည့် ကဏ္ဍများစွာတို့တွင် အကျိုးတူ ရင်းနှီးမြုပ်နှံ ပြီး အမေရိကန်ဒေါ်လာ သန်း၅၀၀ ထိ နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီမှု ရရှိခဲ့သည်။

ဘင်္ဂလားဒေရှ့် ၏အရှေ့မျှော်ဝါဒ (Look East Policy) ဖြစ်သော အရှေ့တောင် အာရှနိုင်ငံများနှင့် ဆက်သွယ်နိုင်ရေးအတွက် မြန်မာနိုင်ငံသည် ဂိတ်တံခါးဝပင်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေရှ့် အကြံပေး အရာရှိချုပ်ဒေါက်တာ အာမက်က ထုတ်ဖော်ပြောဆိုခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးအား အသိအမှတ်ပြုခဲ့သည်။ ယခုကဲ့သို့နှစ်နိုင်ငံဆက်ဆံရေတိုးမြင့်လာခြင်းသည် ဘင်္ဂလားဒေရှ့် နိုင်ငံလည်း ပါဝင်သော တောင်အာရှနိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SAARC) နှင့် မြန်မာနိုင်ငံပါဝင်သော အာဆီယံနိုင်ငံများနှင့်ပါ ချိတ်ဆက်ပေးသကဲ့သို့ ဖြစ်လာစေမည်ဖြစ်သည်။

ယခုကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်လာခြင်းသည် နယ်နမိတ်ထိစပ်နေသော အိမ်နီးချင်း နိုင်ငံများဖြစ်ကြပြီး ဒေသတွင်း (Regional) ဖြစ်သော (BIMSTEC)ဘင်းစတက် အဖွဲ့ဝင်များလည်းဖြစ်ကြသော နှစ်နိုင်ငံစလုံး၏ စီးပွားရေး ဖွံ့ဖြိုးလာစေမည့် မောင်းနှင်အား များ ပင်ဖြစ်သည်။

မှတ်ချက်။ ။ ဘာသာရပ်ဆိုင်ရာမှတ်စုအဖြစ် ရန်ကုန်တိုင်းမ် အယ်ဒီတာအာဘော်အား မှတ်စုအဖြစ် မှတ်သားထားလိုက်ပါသည်။

No comments: