Friday, October 17, 2008

လူဖြစ်ရကြိုးနပ်အောင် သီလကိုဆောင်

ယနေ့ခေတ်ကို အသိပညာ၊ အတတ်ပညာနှင့် သိပ္ပံပညာများ အထူးတိုးတက် လာသော လူသား အရင်းအမြစ်သိပ္ပံခေတ်ဟု ခေါ်ကြသည်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ တိုးတက်ရုံနဲ့ အကျင့်စာရိတ္တ ပိုင်း မပါလျှင် လူသားအားလုံးအတွက် အမှန်တကယ် တိုးတက် ပြီးပြည့်စုံသော ငြိမ်းချမ်းမှုမျိုးကို ပေးစွမ်းနိုင်မည် မဟုတ်သဖြင့် စာရိတ္တ ကိုယ်ကျင့်တရားများ ကောင်းမွန်ရေးသာလျှင် အဓိက ဖြစ်ပါသည်။ ထို့ကြောင့် လောက ကောင်းကျိုး လူအများကောင်းကျိုးကို သယ်ပိုးနိုင်သော၊ လူပီသသော လူသားတစ်ဦးဖြစ်နိုင်ရေးအတွက် ကိုယ့်ကျင့်တရားကောင်းမွန်အောင် ငယ်ရွယ်စဉ်မှ စပြီင်္း ပြုစုပျိုးထောင်ပေးသင့်ပါသည်။ ထိုသို့အကျင့်ကောင်း များ မွေးမြူ ပျိုးထောင်ရာတွင် မိမိစိတ်ဓာတ်ကို အရင်ပြုပြင်ပြီး ဖြူစင်သန့်ရှင်းအောင် ထားရမည်ဖြစ်ကြောင်း ထိုမှတဆင့် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်းပြည်မှ တဆင့် တကမ္ဘာလုံး ဆီသို့ ဦးတည်သော ကိုယ်ကျင့်တရားများကို ခိုင်မြဲအောင် ကြိုးစားအားထုတ်သင့်ကြောင်း ဆရာတော် အရှင် ဥာဏ၀ရ (သာပေါင်း) မှ ရေးသားထားသည်ကို မှတ်စုအဖြစ်ဖော်ပြအပ်ပါသည်။

1 comment:

Dr Phyo Wai Kyaw said...

မှန်ပါတယ်ခင်ဗျ
သီလ ဟာ ခြေထောက်နဲ့တူတယ်လို့
ဆရာဘုန်းကြီးမိန့်ခဲ့ဖူးတာကို သတိရတယ်
ဘယ်ခရီးကို သွားသွား သီလခြေထောက်နဲ့သာစသွားရပါတယ်
အဖိုးတန်တဲ့ ကောက်နုတ်ချက်လေးကို ဖော်ပြပေးတာ ကျေးဇူးပါ