ဝံသာနုရက္ခိတ တရားမှာ မိမိအမျိုးအနွယ်၊ မိမိတိုင်းပြည်ကို အစဉ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်ဟု မှတ်သားမိပါတယ်။ နိုင်ငံတစ်ခုအတွင်း မွေးဖွားရှင်သန် နေထိုင်သော နိုင်ငံသားတိုင်း ယင်းနိုင်ငံ၏ လူမျိုးတိုင်းသည် အမိနိုင်ငံကို ချစ်မြတ်နိုးသကဲ့သို့ သစ္စာလည်းရှိရပေသည်။ တစ်မြေတည်းတွင် အတူ မွေးဖွားရှင်သန်ပြီး အေးအတူပူအမျှ ယှဉ်တွဲနေထိုင်သော နိုင်ငံသားများသည် မေတ္တာ၊ စေတနာကောင်း ဆန္ဒမှန်တို့ ရှိနေရန် လိုအပ် လှပေသည်။ မိမိတို့၏ အမိမြေကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံသားတိုင်းရှိ ပြည်ထောင်စုသားတိုင်း၏ အမိမြေကို ချစ်သော စိတ်ဓာတ်သည် ပြည်ထောင်စု စိတ်ဓာတ်ဖြစ်ကြောင်း၊ ဒီစိတ်ဓာတ်များသည် မိမိနိုင်ငံအတွက် အရည်အသွေး အခြေခံ ပင်မ အင်အားများပင်ဖြစ်ကြောင်း မှတ်သားမိပါတော့သည်။
Subscribe to:
Post Comments (Atom)
1 comment:
ခင်ပုလဲဖြူရေ----
"မှတ်သားမိသော ၀ံသာနုရက္ခိတ တရား"
ကိုလာဖတ်ပါတယ်---
စိတ်နှလုံးအေးချမ်းလိုက်တာ---
ရှာဖွေစုဆောင်းပေးတာကျေးဇူးတင်ပါတယ်-
နောက်လည်းလာလည်ပါ့မယ်--ဆက်ရေးပါနော်--
ခင်မင်လျက်
Post a Comment