Tuesday, September 30, 2008

အောက်တိုဘာ၃ ရက် မွေးနေ့အတွက် ဆင်းတုတော်အလှူ

ဒီနေ့မနက်ပိုင်းမှာ ကျမ စိတ်လေးကြည်နူးနေမိပါတယ်။ ဒီနေ့ မနက်ပိုင်း ရုံးမရောက်ခင် လမ်းတ၀က်မှာ ရှိတဲ့ ကမ္ဘာအေးဘုရားလမ်းမှာ ဖွင့်လှစ်ထားတဲ့ ၀ိသုကြုံ ဆိုင်ကနေ စကျင်ကျောက်နဲ ထုလုပ်ထားတဲ့ ဆင်းတုတော်ကို ၀ယ်ယူခဲ့ပါတယ်။ အောက်တိုဘာ ၃ ရက်နေမှာ ကျရောက်မယ့် ကျမ မွေးနေ့အတွက် အေးချမ်းရိပ်မြုံ ဘုန်းကြီးကျောင်းကို သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။ ဘုရားဆင်းတုတော် ပုံတော်ကိုတော့ နောက်ရက်များမှဘဲ တင်လိုက်ပါ့မယ်။

မိတ်ဆွေသူငယ်ချင်းများ အားလုံးကို သာဓု ခေါ်ဆိုဖို့ မျှဝေလိုက်ပါတယ်ရှင်။

6 comments:

ကိုရုပ်ဆိုး said...

မွေးနေ့မှာ ဘုရားဆင်းတုတော် ၀ယ်လှူတဲ့ ငါ့ညီမကို ရင်ထဲက လှိုက်လှိုက်လဲလဲကို သာဓု ခေါ်ပါတယ်။ အများအားဖြင့်က မွေးနေ့မှာ တစ်နိုင်တစ်ပိုင် ကောင်းမှုလုပ်ဖို့ မေ့နေတတ်ကြတယ် (အကိုအပါအ၀င်ပေါ့)။

Anonymous said...

သာဓု ၃ အခုလိုလှုဒန်းရသော အကျိုးအားကြောင့် ဇောတိက စတိလ ကံကွန်ည နောက်ဘာလဲမသိဘူး အဲဒီဘော့စ်ကြီး လေးဦးကဲ့သို့ ဘယ်ဘက်က တဆုပ်ကြဲလို့ ညာဘက်က တစ်စီး(ဆယ်ဘီးကား)၀င်၍ ပေး၍မကုန် လှု၍မခမ်း ပဒုမ္မာရွှေကြာပန်းကဲ့သို့ လန်းဆန်း ပါစေကြောင်း ဆုမွန်တောင်းပေးလိုက်ပါတယ်။

Dream said...

အင်မတန်မွန်မြတ်တဲ့မွေးနေ့အလှူတော်လေးပါ။
ရင်ထဲကြည်နှူးစွာနဲ့မမဖြူ ပြုလုပ်တဲ့အလှူ
တော်ကိုမျှဝေယူပြီး
သာဓုခေါ်ပါတယ်။

မွေးနေ့မှာထာဝရပျော်ရျွင်ပါစေ။ နောက်နောင်များ
မှာလည်း ယခုထက်ပိုပြီး
သာသနာပြုနိုင်သော ပုဂိုလ်ဖြစ်ပါစေလို့..Dream
ဆုမွန်ကောင်းတောင်းပေးပါတယ်မမ။
ထာဝရပျော်ရျွင်ပါစေနော်မမ.. :)

megumi said...

သာဓု သာဓု သာဓုပါရှင်...

WWKM said...

ညီမလေး ခင်ပုလဲဖြူ..ရေ

မွန်မြတ်တဲ့ မွေးနေ့ အလှူ လေးအတွက် သာဓုခေါ်သွား
ပါတယ် ညီမလေး ရေ...
ဒါနဲ့ ဘယ်နှနှစ်ပြည့်တာလဲ မသိ။
မမ၀ါ လည်း အောက်တိုဘာမှာ မွေးနေ့တူတူပဲလေ။
အောက်တိုဘာ ၂၇ .ရက်.. မမ လည်း မွေးနေ့ လုပ်
ဖြစ်မလား မသိ။
လာခဲ့ဦးပေါ့နော်။
HAPPY BIRTHDAY TO U MY SISTER. :D

ရွက်ဝါ said...

သာဓုခေါ်ပါတယ် အမရေ။ မွေးနေ့အလှူအတွက် တင်တဲ့ပို့ ဖတ်ရအောင် သေချာ လာဖိတ်ခေါ် လို့လည်း ကျေးဇူးတင်ပါတယ်။ ပုံတော်လေးတွေ တင်ပေးတဲ့အခါလည်း လာရောက် ကြည်ညိုပါဦးမယ်။