
ငါ့မျက်နှာကြည့်
သိလိုက်စမ်းပါ
အဲဒါ....ငါမဟုတ်။
ငါ့ခန္ဓာကြည့်
သိလိုက်စမ်းပါ
အဲဒါ....ငါမဟုတ်။
ငါ့နှုတ်စကား
ကြားလိုက်စမ်းပါ
အဲဒါ.....ငါမဟုတ်။
ငါဆိုတဲ့ငါ
လိုကိလို့ရှာ
ငါဘယ်မှာလဲ
မသဲကွဲ
ငါစွဲကြီးစွ
ငါ့အတ္တ
မှောင်ကျမျက်ကန်း
ဘ၀လမ်း
ဆုံးခန်းဘယ်ဆီ
ရောက်မည်မသိ။
သိလိုက်စမ်းပါ
အဲဒါ....ငါမဟုတ်။
ငါ့ခန္ဓာကြည့်
သိလိုက်စမ်းပါ
အဲဒါ....ငါမဟုတ်။
ငါ့နှုတ်စကား
ကြားလိုက်စမ်းပါ
အဲဒါ.....ငါမဟုတ်။
ငါဆိုတဲ့ငါ
လိုကိလို့ရှာ
ငါဘယ်မှာလဲ
မသဲကွဲ
ငါစွဲကြီးစွ
ငါ့အတ္တ
မှောင်ကျမျက်ကန်း
ဘ၀လမ်း
ဆုံးခန်းဘယ်ဆီ
ရောက်မည်မသိ။
1 comment:
အစ်မ..
ကဗျာလေးက တော်တော်တန်ဖိုးရှိပါတယ်။ အတ္တ မှ အနတ္တပေါ်လွင်အောင်ရေးထားတာပါ။ အသိကို လိုက်ကျင့်ဖို့တော့ အရေးကြီးတာပေါ့။ ဖတ်ပြီးတာနဲ့
သံဝေဂရိမပါတယ်။ ရေးသားတင်ပြပေးတဲ့ သူလည်း ကျန်းမာချမ်းသာစွာနဲ့ မိမိအကျိုး၊ သာသနာ့ အကျိုး သယ်ပိုးနိုင်ပါစေ။
Post a Comment