
ဘုရားရှင်သည် စေတီလေးမျိုးကိုညွှန်ပြခဲ့ပါသည်။ စေတီလေးမျိုးမှာ-
(၁) ဓာတုစေတီ၊
(၂) ပရိဘောဂစေတီ
(၃) ဥဒ္ဒိသစေတီ
(၄) ဓမ္မစေတီ တို့ဘဲဖြစ်ပါတယ်။
ဓာတုစေတီမှာ -ဘုရားရှင်၏ သရီဓာတ်တော်များမှ ကြွင်းကျန်ရစ်သော ဓာတ်တော်များ၊ ဓာတ်တော်ပွားများ အား ဌာပနာလျက်တညထားသော စေတီကိုလည်း ဓတုစေတီဟု ခေါ်ဆိုပါတယ်။
ပရိဘောဂစေတီမှာ - ဗောဓိပင်၊ သလွန်တော်၊ တောင်ဝှေးတော်၊ ရေသနုပ်တော် စသဖြင့် ဘုရားရှင်၏ အသုံးအဆာင်များကို ခေါ်ဆိုကြောင်း မှတ်သား မိပါတယ်။
ဥဒ္ဒိသစေတီ - ဘုရားရှင်အား ရည်မှတ်ပြီး တည်ထားထုလုပ်သော စေတီပုထိုး ၊ ရုပ်ပွားဆင်းတုတော်တို့ဘဲဖြစ်ပါတယ်။
ဓမ္မစေတီ - ဘုရားရှင်ဟောကြားတော်မူထားသော တရားတော်များက သာသနာတော်မြတ်ကြီးကို ဆက်ကာဆက်ကာ အစဉ်အဆက် ပြန့်ပွားစေခဲ့သဖြင့် ဓမ္မစေတီ ထိုက်ပါသည်လို့ ဓမ္မစေတီ ထိုက်ပါသည်။
No comments:
Post a Comment