Tuesday, December 23, 2008
သမ္မတကြီး ဟူကျင်တောင်
လက်ရှိ တရုတ်ပြည်ကြီး၏ သမ္မတလည်းဖြစ်၊ ပါတီအကြီးအကဲလည်းဖြစ်၊ စစ်ရေးအကြီးအကဲလည်း ဖြစ်ပါတယ်။ တရုတ်ပြည်ကြီးတွှု အရှိန်အ၀ါ၊ လုပ်ပိုင်ခွင့် အများဆုံးရှိသောသူဖြစ်သည်။ ယခင်ခေါင်းဆောင်ကြီး ကျန်ဇီမင်းထံမှ လွှဲပြောင်း ဆက်ခံသူဖြစ်ပြီး ကွန်မြူနစ်စနစ်ကို ကျင့်သုံးသည် ဟု ဆိုသော်လည်း ယခင်ခေါင်းဆောင်ကြီးများ ဖြစ်ကြသော တိန့်ရှောင်ဖိန်နှင့် ကျန်ဇီမင်းတို့၏ ဈေးကွက် စီးပွားရေးစနစ်နှင့် တံခါးဖွင့် စီးပွားရေးဝါဒကို ဆက်လက်ကျင့်သုံးသည်။ ဟူကျင်တောင်းသည် တိုင်ဝမ်ကျွန်းသည် တရုတ်ပြည်မကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းကို အသေအခြာ ကိုင်စွဲထားသူဖြစ်သည်။ အိမ်နီးနားချင်း နိုင်ငံများ အာဆီယံနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီး တိုးတက်အောင် ကြိုးပမ်း ပူးပေါင်းဆောင်ရွက်နေသည်။ ကမ္ဘာ့ လူဦးရေအများဆံးနိုင်ငံ၊UNSC ၏ အဓိကကျသော အဖွဲ့ဝင်နိုင်ငံ အနုမြူ လက်နက်ပိုင်ရှင် နိုင်ငံရေး သမ္မတကြီး ဖြစ်ခြင်းကြောင့် နိုင်ငံတကာရေးရာတွင် အဓိကကျသူဖြစ်ကြောင်း လေ့လာမှတ်သားမိပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment