Monday, December 22, 2008

အိန္ဒိယ ၀န်ကြီးချုပ်မန်မိုဟန်ဆင်း




အိန္ဒိယနိုင်ငံ၏ ၀န်ကြီးချုပ်လည်းဖြစ်သည့် မန်မိုဟန်ဆင်းသည် တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေးအများဆုံးနှင့် အနုမြူလက်နက်ပိုင်ဆိုင်ထားသည့် နိုင်ငံ၏ ၀န်ကြီးချုပ်လည်းဖြစ်သည်။မန်မိုဟန်ဆင်းသည် ကာလသက်တမ်းရှည်ကြာပြီ ဖြစ်သော နယ်စပ်ပြသနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းရန်အတွက် ကြိုးပမ်းလျက်ရှိသည်။
ယခင်ကာလများက တရုတ်ပြည်ကြီးနှင့် ပဋိပက္ခများရှိသော်လည်း စေ့စပ်ညှိနှိုင်းဆွေးနွေးမှုခြင်းဖြင့် လူမှုရေး၊ စီးပွားရေးနှင့် သိပံနယ်ပယ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိသည်။
အိန္ဒိယပြည်ကြီးကို ခေတ်မီဖွံ့ဖြိုးစေရန်အတွက် ကြိုးပမ်းနေသည့်နည်းတူ ကာကွယ်ရေးအင်အားကောင်းပြီးတောင့်တင်းသော နိုင်ငံကြီးဖြစ်စေရန်လည်း ကြိုးပမ်းလျက်ရှိသည်။ ရုရှသမ္မတနိုင်ငံနှင့် ချစ်ကြည်မှု ခိုင်မာစွာတည်ဆောက်ထားသည့်နည်းတူ အမေရိကန်ပြည်ထောင်စုနှင့်လည်း ဆက်ဆံရေး ကောင်းမွန်အောင်ကြိုးပမ်းနေသည်။
ဒေသတွင်းနိုင်ငံများ BIMSTEC နိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ တောင်အာရှနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်။ အိန္ဒိယပြည်ကြီးကို ကုလသမဂ္ဂတွင်အမြဲတမ်းအဖွဲ့ဝင် ဖြစ်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

No comments: