ဖြူချင်ဖြူ
နီချင်နီ
ဝါချင်ဝါ
ပန်းနှင်းဆီကိုတော့
အကြိုက်ဆုံးပါ။
သင်းကြိုင်လှတဲ့ အနံ့ကိုတော့
ယနေ့တိုင် ကြိုက်မြဲပေါ့
ဘုရားအတွက် ရည်ဆူးလို့
ထိုနှင်းဆီကို လှူမြဲပါ
ကျမအတွက် ကြိုက်မြဲမို့
အပတ်စဉ်တော့ ၀ယ်ဆဲပါ။
အနံ့ရောအဆင်းပါ ပြည့်စုံတဲ့ နှင်းဆီကို
နေ့တိုင်းပန်ချင်နေဆဲပါ။
ကျမကြိုက်နှစ်သက်တဲ့ နှင်းဆီကို စိတ်ထဲမှာ သိမ်းမထားချင်လို့ စာစုအနေနဲ့ ထပ်မံ ဖွင့်ထုတ်ချ လိုက်ပါကြောင်း။
2 comments:
စိတ်ခံစားချက်လေးကို
ကဗျာလေး အဖြစ် ဖော်ပြလိုက်တော့လဲ
ကဗျားလေးတစ်ပုဒ်ဖြစ်သွားတာပေါ့
နှင်းဆီလေးကို ချစ်တဲ့
အစ်မရေ နှင်းဆီကဗျာတွေ ဒီထက်
ပိုရေးသားနိုင်ပါစေ နော်
အားပေးလျက်
ငယ်ငယ်က ဖတ်ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ကို သွားသတိရတယ်။
"နှင်းဆီဖြူဖွေး
ခူးသူ့ သွေးဖြင့်
နီစွေး နီသည်
နှင်းဆီနီ" ... တဲ့
Post a Comment