
ကမ္ဘာ့အပေါ်ယံလွှာ မြေမျက်နှာပြင် (Crust) တွင်ရုတ်တရက် အင်အားထုတ်လွှင့်ခြင်း ( Release of energy) ၏ အကျိုးဆက်အဖြစ် မြေငလျင်ဖြစ်ပေါ်နေသည်။ ကမ္ဘာ့မျက်နှာပြင်အောက်တွင် ဖွဲ့စည်းနေသော လစ်သို စဖီးယားအလွှာ၏ ကျောက်ဆောင်စုများ (Lithospheric Plates) ၏လှုပ်ရှားမှုကြောင့် ဖိအားများဖြစ်ပေါ်ကာ ငလျင်လုပ်ရသည်။ ကမ္ဘာ့အပေါ်ယံမြေလွှာရှိ ပြတ်ရွေ့(ခေါ်) မြေလွှာပြတ်လွှဲကြောင်း (fault) တစ်လျှောက် ဖိအား လွှတ်မှု (Release of Stress) ရုတ်တရက်ဖြစ်ပေါ်ခြင်းဖြစ်သည်။ ပြင်းထန်သော ငလျင်များသည် ကမ္ဘာ့အပေါ်ယံမြေလွှာအောက်ရှိ ကျောက်သားလွှာများ ( Rock Strata ) အတွင်း ကွဲအက်ခြင်းဖြစ်ပေါ်မှု၏ အကျိုးသက်ရောက်မှုဖြစ်သည်။ ဘူမိဗေဒဆိုင်ရာ မြေလွှာပြတ်လွဲကြောင်း (ပြတ်ရွေ့) တစ်လျှောက် ကွဲအက်မှု ဖြစ်ပေါ်လာခဲ့သည်။ ဆွဲအားများနှင့် ဆန့်အားများ စုဝေးလာရာမှ ကျောက်သားလွှာများအတွင်း ကွဲအက်မှု ဖြစ်ပေါ်နိုင်သည်။
မီးတောင်လှုပ်ရှားခြင်း၊ မြေပြိုခြင်း၊ သတ္တုတွင်းပေါက်ကွဲခြင်းနှင့် အာကာသမှ အရာဝတ္ထုများ ကမ္ဘာပေါ်သို့ ကျရောက်ခြင်းနှင့် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများကြောင့်လည်း ငလျင်ဖြစ်ပေါ်နိုင်ကြောင်း မှတ်သားမိပါသည်။
မီးတောင်လှုပ်ရှားခြင်း၊ မြေပြိုခြင်း၊ သတ္တုတွင်းပေါက်ကွဲခြင်းနှင့် အာကာသမှ အရာဝတ္ထုများ ကမ္ဘာပေါ်သို့ ကျရောက်ခြင်းနှင့် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများကြောင့်လည်း ငလျင်ဖြစ်ပေါ်နိုင်ကြောင်း မှတ်သားမိပါသည်။

No comments:
Post a Comment